မန်ဘာတစ်ဦးသည် သင့်အားစော်ကားသော သို့မဟုတ် မသင့်လျော်သော တစုံတရာကို Instant Messenger မှတဆင့် ပြောကြားပါက ထိုသူအား ပိတ်ပင်ထားလိုက်ရန်နှင့် ယင်းအား ဆက်သွယ်ပြောဆိုမှုကို ရပ်ဆိုင်းလိုက်ရန် တိုက်တွန်းပါသည်။ Instant Messenger အကွက်မှ (အစက် ၃ စက်ဖြင့် ပြထားသော) "နောက်ထပ်" အိုင်ကွန်ကို နှိပ်ခြင်းဖြင့် မန်ဘာကို ပိတ်ပင်နိုင်ပါသည်။ ယင်းနောက်တွင် "အသုံးပြုသူအား ပိတ်ပင်မည်" ကို နှိပ်ပါ။ ပိတ်ပင်ထားသည်ကို ပြန်ဖြုတ်ရန်အတွက် "ပိတ်ပင်မှုကိုဖြုတ်မည်" ကို နှိပ်ပါ။ မန်ဘာတစ်ဦးအား ပိတ်ပင်ထားပါက ယင်းသည် သင့်ထံသို့ မက်ဆေ့ဂျ်များ ပို့နိုင်မည် မဟုတ်သလို သင်ကလည်း ယင်းထံသို့ မက်ဆေ့ဂျ်များ ပို့နိုင်မည် မဟုတ်ပါ။
အဖြစ်အပျက်ကို စုံစမ်းနိုင်ရန်အတွက် စော်ကားသော မန်ဘာများကို ကျွန်ုပ်တို့ထံသို့ တိုင်ကြားရန် အချိန်အနည်းငယ် ပေးလိုပါသည်။ Instant Messenger အကွက်တွင် (အစက် ၃ စက်ဖြင့် ပြထားသော) "နောက်ထပ်" အိုင်ကွန်ကို နှိပ်ပြီးနောက် "မှားယွင်းစွာအသုံးပြုမှုကို တိုင်ကြားမည်" ကိုနှိပ်ခြင်းဖြင့် တိုင်ကြားနိုင်ပါသည်။ အသေးစိတ် အချက်များကိုဖြည့်၍ "ပေးပို့မည်" ခလုတ်ကို နှိပ်ပါ။ မန်ဘာ၏ စော်ကားသော မက်ဆေ့ဂျ်ကို ကူးယူထားပါက အကူအညီ ဖြစ်စေပါသည်။ မောက်စ်ဖြင့်နှိပ်ကာ ဆွဲယူခြင်းဖြင့် Instant Messenger အကွက်မှ စာသားကို ရွေးယူနိုင်ပြီး ကီးဘုတ်တွင် Ctrl + C ကို နှိပ်ကာ ကူးနိုင်ပါသည်။ ပြီးနောက် ယင်းသတင်းအချက်အလက်ကို သင့်တိုင်ကြားမှုတွင် ထည့်သွင်းပါ။
မန်ဘာများအား တိုင်ကြားခြင်းအကြောင်း နောက်ထပ် သတင်းအချက်အလက်အတွက် ဤနေရာတွင် နှိပ်ပါ။