ဓာတ်ပုံစီမံခန့်ခွဲသည့် စာမျက်နှာတွင် သင့်ပရိုဖိုင်ပေါ်ရှိ ဓာတ်ပုံများကို ဝှက်ထားခြင်း သို့မဟုတ် ဖော်ပြခြင်းကို ပြုလုပ်နိုင်ပြီး ယင်းစာမျက်နှာသို့ ဤနေရာတွင် နှိပ်၍ဖြစ်စေ၊ မန်ဘာမီနူး (ဆက်တင်မီနူး၏ ဘေးဖက်တွင် သင့်ပရိုဖိုင်ဓာတ်ပုံဖြင့် သို့မဟုတ် ဓာတ်ပုံနေရာတွင် ပြထားသောအရာဖြင့် ဖော်ပြထားပါသည်) မှ "ဓာတ်ပုံများ" ကို ရွေးချယ်၍ဖြစ်စေ ဝင်ရောက်နိုင်ပါသည်။ ဓာတ်ပုံတစ်ပုံကို ဝှက်ထားရန်အတွက် သင့်ဝှက်ထားလိုသော ဓာတ်ပုံအောက်ရှိ "ဓာတ်ပုံကို ပြင်ဆင်မည်" ကိုနှိပ်ပါ။ ယင်းနောက်တွင် "ဝှက်ထားမည်" ကို ရွေးချယ်ပါ။ သင့်ဓာတ်ပုံကို ဝှက်ထားလိုသည်မှာ သေချာခြင်းရှိမရှိ မေးပါက "ဟုတ်ပါသည်" ခလုတ်ကိုနှိပ်ပါ။ ယခုအခါ သင့်ဓာတ်ပုံကို ဝှက်ထားလိုက်ပါမည်။ သင့်ဓာတ်ပုံကို ပြန်လည်ဖော်ပြရန်အတွက် "ဓာတ်ပုံကို ပြင်ဆင်မည်" ကိုနှိပ်ပြီးနောက် "ပြန်လည်ဖော်ပြမည်" ကို ရွေးချယ်ပါ။
ဓာတ်ပုံဝှက်သည့် လုပ်ဆောင်ချက်ကို ရွှေနှင့်ပလက်တီနမ် မန်ဘာများအတွက်သာ ရရှိနိုင်သည်ကို သတိပြုပေးပါ။
သင့်ဓာတ်ပုံ ၁ (အဓိကဓာတ်ပုံ) ကို ဝှက်ထားပါက သင့်ဓာတ်ပုံများအားလုံးကို ဝှက်ထားပါမည်။ သင့်အခြားမည်သည့် ဓာတ်ပုံအတွက်မဆို လုပ်ဆောင်ချက်ကို မပြုလုပ်မီတွင် သင့်ဓာတ်ပုံ ၁ (အဓိကဓာတ်ပုံ) ကို ဦးစွာပြန်လည်ဖော်ပြရပါမည်။